YRDC Yangon Regional Development Committee

Language
|

About Us


 

  • ၁၈၇၄ ခုနှစ်တွင် မြူနီစီပါယ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ ရန်ကုန်မြို့ကြီးအပါအဝင် မြို့ကြီး(၇)မြို့၌ မြူနီစီပါယ် အဖွဲ့များ ကို ဖွဲ့စည်း၍ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် အုပ်ချုပ်ရေး စနစ်သစ် ပေါ်ပေါက်ခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တစ်ခု သီးခြားဖွဲ့စည်း၍ စည်ပင်သာယာရေးအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထည့်သွင်းဖွဲ့စည်းစေခဲ့ပြီး အုပ်ချုပ်ရေး စနစ်သစ်အရ ဒီစတြိတ်ကောင်စီနှင့် ဒေသန္တရ ရန်ပုံငွေအဖွဲ့များကို ပြုပြင်ဖွဲ့စည်းရန် လိုအပ်ခဲ့သောကြောင့် မြို့ပြနှင့်ကျေးလက် စည်ပင်သာယာရေး လုပ်ငန်းများကို မြို့နယ်အလိုက် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

  • စည်ပင်သာယာရေးအဖွဲ့များ၏ မြို့ပြနှင့်ကျေးလက်လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၅/၉၄)ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးစည်ပင်သာယာ ရေးဦးစီးဌာနကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်စွဲပါစာအမှတ် (၅/၉၄) အဖရ/ ၉၄(ကက) ညွှန်ကြားစာအရဖွဲ့စည်းခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်သို့ ရောက်ရှိခဲ့ပါသည်။

 

  • ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၂၁.၃.၂၀၁၂)ရက်စွဲပါ စာအမှတ်၊၁၂/၂၀၃-လုပ်ငန်း/အဖရ (၂၀၁၂)ဖြင့် လမ်းညွှန်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ စည်ပင်သာယာရေးဦးစီးဌာနအား (၃၁.၃.၂၀၁၂)ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသစ်ဖွဲ့စည်းခဲ့၍ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များသည် နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်သို့ ရောက်ရှိခဲ့ပါသည်။

 

  • ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၁၂) ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့ () ဖွဲ့  စုစုပေါင်း (၁၃) ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိပါသည်။
Learn More