YRDC Yangon Regional Development Committee

Language
|

စည်ပင်သာယာလုပ်ငန်းလိုင်စင်များ


လိုင်စင်သစ်လျှောက်ထားခြင်းစီစစ်ခြင်းထုတ်ပေးခြင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ

- စား‌သောက်ဆိုင်နှင့် ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်များ လိုင်စင်ခွင့်ပြုချက်ရရှိရန်အတွက် ဒေသဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးတွင်

   လုပ်ငန်းလုပ်ကိုင်လိုကြောင်းလျှောက်လွှာဖြင့်ပြည့်စုံစွာဖြည့်စွက်ပူးတွဲ၍ ပိုင်ရှင်၏ ဓါတ်ပုံ/ လုပ်ငန်းပြဓါတ်ပုံများနှင့်တကွလျှောက်ထားရပါမည်၊

   (လျှောက်လွှာနမူနာပုံစံများပူးတွဲဖော်ပြထားပါသည်။)

- လုပ်ငန်းပိုင်ရှင်သည် နိုင်ငံခြားသားဖြစ်ပါကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့်

   အထောက်အထား၊ ကုမ္ပဏီခွင့်ပြုချက်များပူးတွဲ တင်ပြရမည်၊

- မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းအား လိုင်စင် ခွင့်ပြုပေးလျက်

   ရှိပါသည်၊

- လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း(၃၀)ကြိုတင်၍ လုပ်ငန်းပြဓါတ်ပုံများ၊ ပိုင်ရှင်ဓါတ်ပုံ၊

   ယခင်နှစ်၏ခွင့်ပြုလိုင်စင်မိတ္တူနှင့်အတူ လိုင်စင်သက်တမ်းတိုးရန် လျှောက်လွှာဖြည့်စွက်ခွင့်တင်ပြလာပါက အဆင့်ဆင့် စီစစ်ပြီး လိုင်စင်

   သက်တမ်းတိုးခွင့်ပြုပေးလျက်ရှိပါသည်၊

- ကားအရောင်းပြခန်း၊ ကလေးကစားကွင်း၊ အပန်ဖြေစခန်း၊ စက်သုံးဆီအရောင်းဆိုင်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်

  ဖြင့်ဆောင်ရွက်ပါသည်၊

- အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရှင်အမည်ပြောင်းခြင်း၊ လုပ်ငန်းလိပ်စာပြောင်း၊ မြို့နယ်ပြောင်းခြင်း၊ လုပ်ငန်း အမျိုးအစားပြောင်းခြင်း၊

  လုပ်ငန်းဆိုင်းဘုတ်အမည်ပြောင်းခြင်း၊ပျောက်ဆုံးပျက်ဆီးသွားသော လိုင်စင်များအား မိတ္တူမှန် ထုတ်ပေးခြင်း စသည့်ကိစ္စများကို လိုအပ်သည့်

   အထောက်အထားများနှင့်အတူတင်ပြလာပါက အဆင့်ဆင့် စီစစ်ပြီး သတ်မှတ်ထားသည့် ဝန်ဆောင်ခ ရယူ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်၊

- အကြောင်အမျိုးမျိုးကြောင့် လိုင်စင်ပိတ်သိမ်းမည်ဆိုပါက ယင်းဘဏ္ဍာနှစ်အတွက် လိုင်စင်ခွန်ကို ပေးဆောင်ပြီး ခွင့်ပြုလိုင်စင်မူရင်း ပူးတွဲ၍

  လျောက်ထားရပါမည်၊

- မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး၍ အမှန်တကယ် ပိတ်သိမ်းထားပါက အဆင့်ဆင့် တင်ပြ၍ ပိတ်သိမ်း ခွင့်ပြုပါသည်။