စည်ပင်သာယာရေးဥပဒေ (၅/၂၀၁၃) အရ စည်းကြပ်သည့်အခွန်များ
မြို့နယ်ကော်မတီနှင့် မြို့နယ်ခွဲကော်မတီသည် တိုင်းဒေသကြီးကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်တွင်ဖြစ်စေ၊ မြို့နယ်ခွဲစည်ပင်သာယာရေးနယ်နိမိတ် တွင်ဖြစ်စေ အောက်ပါအခွန်များကိုစည်းကြပ် ကောက်ခံလျက် ရှိပါသည် -
(က) အဆောက်အအုံနှင့် မြေခွန်၊
(ခ) ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့်အညစ်အကြေးခွန်၊ အများသုံးအိမ်သာခွန်
(ဂ) ယာဉ်များ၊ လူစီးနှင့် ဝန်တင်တိရစ္ဆာန်များ၊ အိမ်မွေးခွေးနှင့် အခြားတိရစ္ဆာန် များအပေါ် ကောက်ခံသည့်အခွန်၊
(ဃ) ပြင်ပမှစည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဖြတ်သန်းသွားလာသော ယာဉ် များ၊ ဝင်ရောက်ရပ်နားသောယာဉ်များ၊
လူစီးနှင့် ဝန်တင်တိရစ္ဆာန်များအပေါ် ကောက်ခံသည့်အခွန်၊
(င) ဤဥပဒေက ခွင့်ပြုသည့်စည်ပင်သာယာရေးဆိုင်ရာ အခြားအခွန်များ။