ဈေးဆိုင်ခန်းငှားရမ်းသူအမည်ပြောင်းဆောင်ရွက်ရန်နည်းလမ်း
အဖွဲ့ပိုင် ဈေးဆိုင်ခန်းများ ငှားရမ်းသူ အမည်ပြောင်း လျှောက်ထားရာတွင် အောက်ပါ အချက်များ ပါရှိရမည်-
(၁) ဆိုင်ခန်းအမည်ပြောင်းလျှောက်လွှာ
(၂) ဆိုင်ခန်းရှင်အသိအမှတ်ပြု မှတ်ပုံတင်စာအုပ်၊
(၃) အမည်ပြောင်းလဲရန် လျှောက်ထားသူ၏ မှတ်ပုံတင်/သန်းခေါင်စာရင်းမိတ္တူ
(၄) ဈေးအကျိုးတော်ဆောင်အဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံစာ
(၅) မူလဈေးဆိုင်ခန်းအငှားချထားခြင်းခံရသူ၏သန်းခေါင်စာရင်းပါ မိသားစုဝင် များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ၊
(၆) နောက်ဆုံးလပေးဆောင်ထားသည့်ဆိုင်ကြီးခွန်ပြေစာ၊
(၇) ဆိုင်ခန်းအရောင်း/အဝယ်စာချုပ်မိတ္တူ။