ပစ္စည်းခွန်၊ စားသောက်ဆိုင်၊ ဘေးအန္တရာယ်၊ တည်းခိုခန်းနှင့် ကျွမ်းကျင်လုပ်ငန်းလိုင်စင်များ အမည်ပြောင်းဆောင်ရွက်ရန် နည်းလမ်းများ
ပစ္စည်းခွန် ၊ စားသောက်ဆိုင်၊ ဘေးအန္တရာယ်၊ တည်းခိုခန်းနှင့် ကျွမ်းကျင်လုပ်ငန်းလိုင်စင်များ အခွန်ထမ်းအမည်ပြောင်းဆောင်ရွက်ရာတွင် အောက်ပါ အချက်များတင်ပြဆောင်ရွက်ရပါမည်-
(၁) အခွန်ထမ်းကိုယ်တိုင်ရေးလျှောက်လွှာ၊
(၂) နောက်ဆုံးအခွန်ထမ်းဆောင်သည့်ပြေစာမူရင်း၊
(၃) ရောင်း/ဝယ်စာချုပ်မိတ္တူ၊
(၄) အမည်ပြောင်းလျှောက်ထားသူ၏ မှတ်ပုံတင်/ သန်းခေါင်စာရင်းမိတ္တူ၊
(၅) ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်၊