ပုဂ္ဂလိက အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရာတွင် မြေပိုင်ဆိုင်မှု အချက်အလက်များ စိစစ်ဆောင်ရွက်ရန်ကိစ္စ
(က) လယ်/ဉယျာဉ်ခြံမြေ/ချစ်တီးပိုင်မြေ စသည့်မြေများသည် အဆောက်အအုံ ဆောက် လုပ်ခွင့်မရှိခြင်း၊
(ခ) လယ်/ဉယျာဉ်ခြံမြေစသည့် မြေများတွင် အခြားနည်းအသုံးပြုခွင့်ရရှိပြီးပါက ခွင့်ပြု သည့် ရည်ရွယ်ချက်အတိုင်းသာ အဆောက်အအုံ
ဆောက်လုပ်ခွင့်ပြုခြင်း၊
(ဂ) ယခင် လယ်ယာမြေမှ အခြားနည်းအသုံးပြုခွင့်အား အစိုးရမြေအနေဖြင့်သာ လယ-၃၀ (က)(ခ) ကျပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့၏လယ-၃၀(က)(ခ)ရပြီးမြို့ မြေ အတွင်း ပါဝင်သည့်အဆောက်အအုံဆောက်လုပ်ခွင့်ရှိသောမြေအမျိုးအစားဖြစ်ကြောင်း
ထောက်ခံချက်စီစစ်ခြင်း၊
(ဃ) (၁)ထပ်နှင့် (၂)ထပ် အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက်
(၁) မြေစာရင်းပုံစံ၌ ပိုင်ဆိုင်ခွင့်၊ မြေမျိုးနှင့်အတန်း မြို့မြေ/L/ ဘိုးဘွား ပိုင်မြေ/ ၃ခ/၃၀က/ ၃၀ခ/ပါမစ်မြေဖြစ်ပြီးအခွန်စည်း ကြပ်ခံရသူ/
ပိုင်ရှင်/ ဂရန်ရှင်/ အငှားဂရန်ရှင် အမည်ပေါက် မြေစာရင်းပုံစံ (၁၀၅) (၁၀၆)စိစစ်ခြင်း၊
(၂) အမည်ပေါက် မဖြစ်ပါက ဆောက်လုပ်ခွင့် လျှောက်ထားသူမှ ၎င်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း မှတ်ပုံတင်ပြီး ပိုင်ဆိုင်ခွင့်နှင့်
သက်ဆိုင်သည့် ခိုင်မာသော အထောက်အထား စာချုပ်များ စိစစ်ခြင်း၊
(၃) မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ထုတ်ယူ၍မရလျှင် မြေပိုင်ရှင်မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဆောက်လုပ်သည့်မြေ
(တည်နေရာပါဝင် သော) ထောက်ခံချက်နှင့် မြေပိုင်ရှင် မှန်ကန်ကြောင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုနိုင်သည့် မြေဖြစ်ကြောင်း
မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးမှ အမှုဆောင်အရာရှိထံ ပေးပို့သည့် ဆောက်လုပ်မည့်တည်နေရာအတည်အကျပါဝင်သောရုံးစာ
စီစစ်ခြင်း၊
(င) (၃) ထပ်မှ (၅)ထပ်အထိ အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက်
(၁) မြေစာရင်းပုံစံ၌ ပိုင်ဆိုင်ခွင့်၊ မြေမျိုးနှင့်အတန်း မြို့မြေ/L/ဘိုးဘွားပိုင် မြေ/ ၃ခ/၃၀က/၃၀ခ/ပါမစ်မြေဖြစ်ပြီး အခွန်စည်းကြပ်ခံရသူ/
ပိုင်ရှင်/ ဂရန်ရှင်/ အငှား ဂရန်ရှင် အမည် ပေါက် မြေစာရင်းပုံစံ (၁၀၅) (၁၀၆)စိစစ်ခြင်း၊
(၂) အမည်ပေါက် မဖြစ်ပါက ဆောက်လုပ်ခွင့် လျှောက်ထားသူမှ ၎င်းပိုင် ဆိုင်သည်မှာမှန်ကန်ကြောင်း မှတ်ပုံတင်ပြီး ပိုင်ဆိုင်ခွင့်နှင့်
သက်ဆိုင်သည့် ခိုင်မာသော အထောက် အထားစာချုပ်များ စိစစ်ခြင်း၊
(ဃ) (၆) ထပ်နှင့်အထက် အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက်
(၁) အမည်ပေါက်သက်တမ်းရှိဂရန် စိစစ်ခြင်း၊
(၂) မူလဂရန်သည် ဆောက်လုပ်ခွင့် လျှောက်ထားသူ အမည်ပေါက်မဟုတ်ပါက ၎င်း ပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း မှတ်ပုံတင်ပြီး
ပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သည့် ခိုင်မာသော အထောက် အထားစာချုပ်များ စိစစ်ခြင်း၊
(၃) ဂရန်သက်တမ်းတိုးဆဲဖြစ်ပါက မူလဂရမ်အမည်ပေါက် ပိုင်ရှင်မှ သက်တမ်းတိုးဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်
စိစစ်ခြင်း။
တည်ဆောက်ချိန်ကာလ
(၁) (၁)ထပ်/(၂)ထပ် - (၆)လ
(၂) (၃)ထပ်မှ (၅)ထပ် - (၉)လ
(၃) (၆)ထပ်နှင့်အထက် - (၁)နှစ်
ရှေ့နောက်မြေအကျန် ဘေးမြေအကျန်
(က) တစ်ထပ်အဆောက်အအုံ (၃)ပေ အနည်းဆုံး(၃)ပေ
(ခ) နှစ်ထပ်ဆောက်အအုံ (၅)ပေ အနည်းဆုံး(၃)ပေ
(ဂ) သုံးထပ်ဆောက်အအုံ (၇ƒ)ပေ အနည်းဆုံး(၃)ပေ
စဉ် အဆောက်အဉီအမျိုးအစားရှေ့နောက်မြေအကျန် (၁)စ/ပေနှုန်း မှတ်ချက်
(က) သံကူကွန်ကရိ / Steel Structure ၄၅ဝဝဝိ/- Bored/Spun Pile (with Pile)
(ခ) သံကူကွန်ကရိ / Steel Structure ၄၃ဝဝဝိ/- Press/Driving Pile (with Pile)
(ဂ) သံကူကွန်ကရိ / Steel Structure ၄၀ဝဝဝိ/-
(ဃ) အုတ်ညှပ်(Brick Nogging)/ ၂၃ဝဝဝိ/- အုတ်တိုက် (Brick Piller)
(င) အုတ်ညှပ် Hollow သံတိုင် ၁၈၅ဝဝိ/- (၁)ထပ်
စဉ် အဆောက်အဉီအမျိုးအစား (၁)စ/ပေနှုန်း (၁)စ/ပေနှုန်း
(က) RC Slab အမိုးဖြစ်ပါက (၁)စ/ပေနှုန်း x ကြမ်းခင်းဧရိယာx အဆောက်အဦ၏ အထပ်အရေအတွက် x ½
(ခ) သွပ်၊ အခြားအမိုးဖြစ်ပါက [(၁)စ/ပေနှုန်း x ကြမ်းခင်းဧရိယာ x အဆောက်အဦ၏ အထပ်အရေအတွက်] + အမိုးတန်ဖိုး
အဆောက်အဦ စစ်ဆေးခအဖြစ် အဆောက်အဦ တန်ဖိုး၏ (၁)% အား သတ်မှတ်ပါသည်။