YRDC Yangon Regional Development Committee

Language
|

One Stop Services လုပ်ငန်းများ


One Stop Services  လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ

လိုင်စင်လျှောက်ထားသူများအား လွယ်ကူလျှင်မြန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် One Stop Service လုပ်ငန်းစဉ်များအား လုပ်ငန်း အမျိုးအစားပေါ်မူတည်၍ အောက်ပါအတိုင်း ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိပါသည်-

  (၁)  စားသောက်ဆိုင် ၊ ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင် အသစ်ခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်း၊ အမည်ပြောင်း

        (လုပ်ငန်းရှင်/လုပ်ငန်းအမည်)ခြင်းတို့အား အထောက်အထား၊ စာရွက်စာတမ်းပြည့်စုံပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့

        စီမံခန့်ခွဲရေးကော်မတီ ခွင့်ပြုချက်ဖြင့် (၁)ပါတ်အတွင်း ဆောင်ရွက်ပေးလျက်ရှိပါသည်၊

  (၂)  ကားအရောင်းပြခန်း၊ အပန်းဖြေစခန်း၊ ကလေးကစားကွင်း၊ စက်သု့းဆီအရောင်းဆိုင်တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏

        ခွင့်ပြုချက်ပါရှိပါက တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုချက်ဖြင့် (၁)ပါတ်အတွင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

  (၃)  မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ် ၃(ဂ)ပြင်ပရှိ လုပ်ငန်းဆောင်ရွက်ခြင်းများအတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး

         အဖွဲ့၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အထောက်အထား/စာရွက်စာတမ်း  ပြည့်စုံပါက

         (၁)ပါတ်အတွင်း ဆောင်ရွက်ပေးလျက်ရှိပါသည်၊ 

  (၄)  လုပ်ငန်းလိုင်စင်များ လိုင်စင်သစ်/ သက်တမ်းတိုးခြင်းများ အတွက် မဖြစ်မနေလိုအပ်သည့် အချက်များကိုသာ ရယူတင်ပြစေခြင်း

         ဖြင့် လုပ်ငန်းရှင်များအတွက် ဝန်ထုတ် ဝန်ပိုးလျော့ချဆောင်ရွက်ပေးလျက်ရှိပါသည်။